မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

မန်တုံ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစာချုပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ပင်လုံသက်သေတည်၍ ပင်လုံစာချုပ်ချုပ်ဆိုရာမှ ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့မှုများ၊ စည်းလုံးညီညွတ်ခြင်းသည် အင်အားတစ်ရပ်ဖြစ်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံအခြေအနေများအား ကျောင်းသားလူငယ်လူရွယ်များ အသိပညာဗဟုသုတရဖွယ်ဟောပြော ဆောင်ရွက်ခဲ့သည်။အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့သည်။

မန်တုံ(ပြန်/ဆက်)