မက်မန်း ဖေဖာ်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာတွင် သောက်သုံးရေခက်ခဲလျက်ရှိသော ဒေသခံပြည်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦသိန်းလွင်(ညွှန်ကြားရေးမှူးချုပ်)နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ထိုသို့ဒေခံပြည်များနှင့်တွေ့ဆုံရာ၌ ညွှန်ကြားရေးမှူးချုပ်က မင်းရန်အောင်ကျေးရွာတွင် သောက်သုံးရေ ခက်ခဲမှုအားအဆင်ပြေစေရန်အတွက် အမြင့်တင် ပေ(၁၀၀၀)ခန့်ရှိသည့် ရေပေဝေးရေးလုပ်ငန်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မတ်လအတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနအနေဖြင့် ကျေးရွာမျာ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများတွင်လည်း ပံ့ပိုးကူညီလျက်ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးဦးစီးဌာနမှ ဦးကျော်သန့်ဇင်(ဒုတိယ ညွှန်ကြားရေးမှူး၊ နည်းပညာ)၊ မက်မန်းခရိုင်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးဆန်းမင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်တို့က ကျေးလက်ဒေသ၏လိုအပ်ချက်များ၊ အခက်အခဲများ၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)