မော်လိုက် ဖေဖော်ဝါရီ ၁၁
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် အနှစ်သာရများကို ကျောင်းသား/ ကျောင်းသူများဖတ်ရှုပြီး နိုင်ငံအပေါ်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ရှင်သန်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသောသတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့က မော်လိုက်ခရိုင်ရုံး ဝန်ထမ်းများက စာသင်ကျောင်းများသို့ သွားရောက်ကာ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
လက်ကမ်းစာစောင်တွင် ၁၂ - ၂ - ၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဆောင်ပုဒ်များ ၂၀ - ၁ - ၁၉၄၆ ရက်နေ့၌ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းများမှကောက်နုတ်ချက်များ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်များ ဖြစ်ပေါ်စေသည့် ကာတွန်းနှင့်ဆောင်းပါးများ ပါဝင်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)