ဘားအံ ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံတက္ကလိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ တိုင်းရင်းသားရိုးရာ အစားအစား ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါနယ်မြေ မြက်ခင်းပြင်တွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာများ၊ ဘာသာရပ်အသီးသီးမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက တိုင်းရင်းသားရိုးရာ အစားအစား ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အထူးပြုဘာသာရပ် (၁၄) ဌာနနှင့် စီမံ၊ သင်တန်းဌာနမှူးများ၊ ဌာနများမှ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများက ကရင်၊ ကယား၊ ကရင်၊ ချင်း ၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားတို့၏ ရိုးရာအစားအစားများကို ပျော်ရွှင်စွာ ရောင်းချခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)