နတ်တလင်း ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်အဖွဲ့သည် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်(၂)မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ သာယာဝတီခရိုင်အတွင်းရှိ အုတ်ဖိုမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲကိုယမန်နေ့ နေ့လည်၃နာရီက နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ရွှေလင်းခန်းမတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူးဗိုလ်ချုပ်ထိန်ဝင်းမှအဖွင့်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသော နတ်တလင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ နတ်တလင်းခရိုင်နှင့်ပက်သက်သည့် အချက်အလက်များတင်ပြခြင်း၊ သာယာဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးမှ သာယာဝတီခရိုင်နှင့် ပက်သက်သည့်အချက်အလက်များတင်ပြခြင်း၊ နတ်တလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် အုတ်ဖိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းတို့မှ မိမိတို့မြို့နယ်နှင့်သက်ဆိုင်သည့် ဒေသဆိုင်ရာအချက်အလက်များကို အသီးသီးတင်ပြခဲ့ကြပြီး တိုင်းမှူမှနိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားတက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)