ကွတ်ခိုင် ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည်(၂)နာရီအချိန်က ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး နံရံကပ်စာစောင်၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဗဟုသုတရဖွယ်ဓာတ်ပုံများကို ပြသထားပြီး၊ ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကိုလည်းခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)