သတင်းများ

မအီမြို့ အမှတ်(၁)ရပ်ကွက်မူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Feb 04,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၁)ရပ်ကွက် မူလတန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မိုင်းဖြတ်တပ်နယ်၌ (၂၃) ကြိမ်​မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Feb 04,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်တပ်နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနားကို ယမန်​နေ့ည​နေ ၄ နာရီက စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်ရှိ စစ်​ရေးပြကွင်း၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့​ကြောင်း သိရသည်။
ကျိုင်းတုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Feb 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်မရောမြို့နယ်အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဟောပြော
Feb 04,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ လူကုန်ကူးမှုအကြောင်းပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အ.လ.က သင်ဃန်းချောင်ကျောင်းရှေ့ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။
မိုင်းဖြတ်တပ်နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Feb 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်တပ်နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဗလာမပါ ကံစမ်းမဲဆုပေးပွဲ အခမ်းအနားကျင်းပ
Feb 04,2023
 (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲနှင့် ဗလာမပါကံစမ်းမဲ ဆုပေးပွဲအခမ်းအနားကို ယမန်ရက်နေ့ နေ့လယ်(၃)နာရီက မကွေး ခရိုင်အားကစားကွင်းပြင်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်မှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်အသင်းများအဖြစ် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်အသင်းအဖွဲ့များ၊ မကွေးတပ်နယ်မိသားစုအသင်းအဖွဲ့နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်အသင်းအဖွဲ့တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ပျော်ရွှင်စွာ ကျင်းပဆင်နွှဲ
Feb 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပုဗ္ဗဝိဇယစေတီ ရင်ပြင်တော်တွင် ပျော်ရွှင်စွာ ကျင်းပဆင်နွှဲခဲ့ကြသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက်ချောင်းရွာမကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲကျင်းပ
Feb 04,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပျဉ်ထောင်တွင်းကျေးရွာအုပ်စု သရက်ချောင်းရွာမကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါကုန်ထုတ်လမ်း၌ကျင်းပခဲ့သည်။