သတင်းများ

ရေနံချောင်းတက္ကသိုလ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ်
Feb 04,2023
လူမှုဂရုဏာအကျိုးပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နည်းစနစ်ကျကျ ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၃)နှင့် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများသို့ ကပ်လှူ ပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီက မြန်အောင်မြို့ဝေဠုဝန် ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာ ဘုရားကြီးရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်
Feb 04,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး အစည်းအဝေး(၄/၂၀၂၃)ကို ယမန်နေ့နံနက်(၈) နာရီအချိန်က တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ လူငယ်အသိပညာပေး(Talk Show)ပြုလုပ်
Feb 04,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေး(Talk Show)ကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်၌ မူးယစ်​ဆေးဝါးအန္တရာယ်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ
Feb 04,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်၊ အမှတ်(၁၃)အ​ခြေခံပညာမူလတန်း​ကျောင်း၌ ယ​နေ့နံနက်( ၁၁ )နာရီခွဲအချိန်က မူးယစ်​ဆေးဝါးအန္တရာယ်ကာကွယ်​ရေး အသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် လူငယ်စကားဝိုင်းကျင်းပ
Feb 04,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊​ ချောင်းရင်းစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်မလွန်အခြေခံပညာအထက်တန်းကျောင်း၌လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူငယ်များကာယ၊ ဉာဏစွမ်းရည်များ မြင့်မားရေး၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးလိမ်မာ၍ အနာဂတ်နိုင်ငံတော် တည်‌ဆောက်ရာတွင်၊ လူတော်လူ‌ကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ပြန်ကြား‌ရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန၊ အခြခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ် တပ်နယ်အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 04,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် တပ်နယ်အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ကျင်းပသည်။