သတင်းများ

မိုးမိတ်မြို့နယ် တောင်ပိုင်းရပ်ကွက် အ-မ-က(၄)ကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော
Feb 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို တောင်ပိုင်းရပ်ကွက် ကြည်တော်စုရပ်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နေ့လည် ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊
မိုးညိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်ရေတွင်းဆိုလာ‌ရေတင်စနစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်
Feb 04,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်ရေတွင်းဆိုလာ‌ရေတင်စနစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပတ္တော်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်၌ (၁၅)ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲကျင်းပ
Feb 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ဦးဆောင်ကျင်းပသော(၁၅)ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲကို အဆိုပါတက္ကသိုလ်အရှေ့တိုင်း ပညာဌာနအဆောင် ၁၀ အခန်း(၃)တွင် ဖေဖော်ဝါရီ ၃ ရက်နေ့နံနက်ပိုင်းက စုပေါင်းသွေးလှုဒါန်းခဲ့သည်။
မိုင်းယောင်းမြို့နယ် ဝမ်တွီကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းဖွင့်
Feb 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်တွီကျေးရွာတွင် ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်း ဖွင့်ပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားသည်။
ဥတ္တရသီရိမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ
Feb 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေရေး၊ ဉာဏ်ပညာမြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ အခြခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပ
Feb 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား
Feb 04,2023
နည်းပညာတက္ကသိုလ်(မော်လမြိုင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သည့် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့်ကျောင်းသား/ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့သည်။
အုန်းကွဲအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်
Feb 04,2023
ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်း‌ကျောင်းခွဲ(အုန်းကွဲ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အုန်းကွဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။