သတင်းများ

ပြည်သူများ၏လိုအပ်မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများတွေ့ဆုံဆွေးနွေး
Feb 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ၂၀၂၂ ခု ဩဂုတ်(၁၉)ရက်နေ့မှစတင်ပြီး ပြည်သူများ၏လိုအပ်မှုများ ဖြည့်ဆည်းဆောင်ရွက်‌ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီခွဲက ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၇)ရွာမှ ပြည်သူများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ စစ်တွေမြို့၌ကျင်းပ
Feb 04,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပုရဝုဏ်အတွင်း၌ ကျင်းပသည်။
မြောက်ဦးမြို့ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဈေးရောင်းချသူများအား ကွင်းဆင်းစစ်ဆေး
Feb 04,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ် ကြို တင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီအချိန်က ဈေးရောင်းသူများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီမိသားစု မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲတက်ရောက်အားပေး
Feb 04,2023
နေပြည်တော်ကောင်စီမိသားစု မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ(၄)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဝင်းအတွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို၏ဇနီးများ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
သာပေါင်းမြို့ နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ စပ်မျိုးဆောင်းနေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှုအခြေအနေများအား ကြည့်ရှုအားပေး
Feb 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ အုပ်ရှစ်ကျေးရွာ၊ အုပ်ရှစ်ကျေးရွာတွင် ရေဆင်း(၁)စပ်မျိုးဆောင်းနေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအားများ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကြည့်ရှုအားပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ် နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Feb 04,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လစဉ်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ (၁၂)ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက ​ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)​ ကျောင်းတိုက်ရှိ မင်္ဂလာသီရိ​ဓမ္မာရုံ၌ ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။ ရှေးဦးစွာ နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညာသိရီထံ ပရိသတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။
ကျောက်ဖြူခရိုင်  Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ်
Feb 04,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်သည်။
ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈) ဒိုးကွင်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Feb 04,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈)ဒိုးကွင်ရှိ စေတနာမောင်မယ် အခမဲ့လူငယ်လူမှုကူညီရေးအသင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။