မိုင်းဖြတ်တပ်နယ်၌ (၂၃) ကြိမ်​မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိုင်းဖြတ် ​ဖေ​ဖော်ဝါရီ ၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်တပ်နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနားကို ယမန်​နေ့ည​နေ ၄ နာရီက စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်ရှိ စစ်​ရေးပြကွင်း၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ အမှတ်​ပေးဒိုင်အဖွဲ့များက အမှတ်​ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့နောက် ဒိုင်အဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြမည့် ထမနဲထိုးအသင်း (၁၇) သင်းအား သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်​ဆေးခဲ့သည်။ ယင်း​နောက် ထမနဲထိုးပြိုင်ပွဲကို စတင်ယှဉ်ပြိုင်စေခဲ့ရာ စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူးနှင့်တက်​ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဧည့်သည်​တော်များက လိုက်လံကြည့်ရှုအား​ပေးခဲ့ကြသည်။  ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှ အသင်းအလိုက် အိုးစည်ဗုံ​မောင်းများတီးခက်၍ ​ပျော်ရွှင်စွာကခုန်ပြီး ထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးချုပ် ​ကျော်လင်း​မောင်၊ ဒုတိယဗိုလ်မှူးကြီး ရာဇာထွန်းနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် အဖွဲ့ဝင်များက ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုများကို အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့ပြီး စစ်ဆက်​ရေးကွပ်ကဲ​ရေးမှူးမှ ဒိုင်အဖွဲ့များအား အမှတ်တရလက်​ဆောင်များ ​ပေးအပ်ချီးမြှင့်ခဲ့​သည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲကို မိုင်းဖြတ်တပ်နယ်၊ မိုင်း​ယောင်းတပ်နယ်နှင့် တာ​လေ​တပ်နယ်များမှ စုစု​ပေါင်း (၁၇)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)