သတင်းများ

ဝမ်းတွင်းမြို့၌ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့မွန်းလွဲပိုင်းက မြတ်ညီနောင်စေတီတော်ဘုရားကုန်းတော်ပေါ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ပေါင်မြို့နယ်တွင် (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ
Feb 06,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို  ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ ယမန်နေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။ရှေးဦးစွာ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးခဲ့ကြသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးအတွက် ကြပ်မတ်စစ်ဆေး
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန်ရည်ရွယ်၍ ဈေးတာဝန်ခံဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ယမန်နေ့ ည ၆ နာရီခွဲအချိန်က  မြို့မစည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက်  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်၌ မင်းရန်အောင်စေတီတော်ကြီးတွင် တပို့တွဲလပြည့်နေ့ ဘုရားမီးလှုံပူဇော်ခြင်း ဆောင်ရွက်
Feb 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် တပို့တွဲလ ပြည့်နေ့ ဗုဒ္ဓမြတ်စွာဘုရားအား ရည်မြော်၍ ဘုရားမီးလှုံပူဇော်ခြင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ ညတွင် မင်းရန်အောင်စေတီတော် ပုရဝဏ်အတွင်း၌ ဆောင်ရွက်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဆောင်းပဲတီစိမ်း သီးနှံများစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းပဲတီစိမ်းသီးနှံများစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး ဧက ၁၀၀ စိုက်ပျိုး
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထိန်တောကျေးရွာမှ ဒေသခံတောင်သူ (၆၄)ဦးဖြင့် နွေစပါး ဧက ၁၀၀ ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နောင်ချိုမြို့ တဲနန်းတော်စေတီတော်မြတ်ကြီး၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယမင်္ဂလာနှင့် ဆွမ်းဆန်တော်လောင်းလှူခြင်း ကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အနော်ရထာမင်းတည်ထားတော်မူခဲ့သော တဲနန်းတော်စေတီတော်မြတ်ကြီး၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယမင်္ဂလာ၊ ပဌာနပူဇနိယမင်္ဂလာ၊ ဆွမ်းဆန်တော်လောင်းလှူခြင်းမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပဆောင် ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အကြို ပုဂ္ဂလိကမူကြိုကျောင်းပေါင်းစုံ ကာယ ညဏ စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ခြင်းနှင့်ဖျော်ဖြေပွဲ အခမ်းအနားပြုလုပ်
Feb 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော မြန်မာနိုင်ငံကလေးများနေ့အကြို ပုဂ္ဂလိကမူကြိုကျောင်းပေါင်းစုံမှ ကာယ၊ ညဏ စွမ်းရည်ပြိုင်ပွဲများကိုယှဉ်ပြိုင်ခဲ့ကြပြီး မူဆယ်မြို့ ICTC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆုချီးမြှင့်ပေးအပ်ခြင်းနှင့် ဖျော်ဖြေပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။