သတင်းများ

နေပြည်တော်ဓမ္မဒူတမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် သောတာပန်ဆီအလှူတော်အခမ်းအနားကျင်းပ
Feb 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များအတွက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ ဦးဆောင်သည့် ဓမ္မဒူတမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် သောတာပန်ဆီအလှူတော်အခမ်းအနားကို
မိုင်းဖြတ်မြို့နယ်၊ သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင် စွန်တောင်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စွန်တောင်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက စွန်တောင်းစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Feb 06,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက် / ကျေးရွာများအလိုက် သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးခဲ့ကြသည်။
နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ
Feb 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၁၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊ မြို့နယ်ပညာရေးမှူး ဦးအောင့်မြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားအား ဒုတိယအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ကပ်လှူ
Feb 06,2023
မန္တလေးမြို့၊ မန္တ‌လေးတောင်ခြေရှိ၊ ဘဝရှင်မင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ ဒုတိယအကြိမ်မြောက်ရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့် ရက်ကန်းရုံတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောက်တော်ကြီးဘုရား ရင်‌ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များလေလံရောင်းချပွဲအခမ်းအနားကျင်းပ
Feb 05,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ( ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ) ကာလအတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၆၅)ခုကို စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမ တွင်ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကျင်းပ
Feb 05,2023
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃)ကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က တောင်ကြီးမြို့ ၊  ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လမ်းမတော်မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ အခမ်းအနားကျင်းပ
Feb 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက လမ်းမတော်မြို့နယ် Community ခန်းမတွင် ကျင်းပပြုလုပ်သည်။