မူဆယ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ နံနက်(၁၀:၀၀)နာရီအချိန်တွင် မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း စတင်ပြုလုပ်ကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားစေရေးနှင့် စာဖတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် လူငယ်စကားဝိုင်း ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့အတူ အခြေခံပညာရေးဦးစီးဌာန၊ မူဆယ်မြို့နယ် ပညာရေးမှူး ဦးအယ်လ် ဇော်ရှန်က ယခုကဲ့သို့ လူငယ်စကားဝိုင်းများကို ဆွေးနွေးပြောကြားနိုင်ရန်အတွက် ကျောင်းသား/သူ များက ကျောင်းစာအပြင် အသိပညာဗဟုသုရရှိစေမည့် စာအုပ်/စာပေများ ဖတ်သင့်ကြောင်း ထပ်ဆင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး Grade-11 ကျောင်းသား၊ ကျောင်းသူလေးများဖြစ်ကြသော မောင်ဉက္ကာမြင့်မှ “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆိုင်းမိုင်မှ “လူငယ်နှင့်အနာဂတ် ရည်မှန်းချက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရှိုင်းမင်းအောင်မှ “လူငယ်နှင့် မူးယစ်ဆေးဝါး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလွေးဇင်ယော်မွှေးမှ “လူငယ်နှင့်ဘဝနေထိုင်မှု”ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများနှင့် အပြန်အလှန် ဝေဖန်အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ နေ့လည် ၂ နာရီအချိန်တွင် မူဆယ်မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌လည်း လူငယ်စကားဝိုင်း ပြုလုပ်ကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးနှင့်တကွ အခြေခံပညာရေးဉီးဌာန၊မြိုနယ်ပညာရေးမှူး ဦးအယ်လ်ဇော်ရှန်၊ ကျောင်းစာကြည့်တိုက်မှူး ဦးမြင့်ဆွေတို့မှ တက်ရောက်လာသော ကျောင်းသား/သူများကို အသီးသီးအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Grade-10 ကျောင်းသား/သူလေးများဖြစ်သော မောင်သာထက်ဇံမှ “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဉက္ကာမောင်မှ “လူငယ်နှင့် အနာဂတ်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိသဉ္ဇာမွန်မှ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်မိုးရွှေမှ “လူငယ်နှင့်ဘဝနေထိုင်မှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသားလေး မောင်ချစ်ကိုကိုမှ “လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသူ/သားလေးများ၏ ပြန်လည်မေးကြားချက်များကိုလည်း အပြန်အလှန် ဖြေကြားဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသော ကျောင်းသား/သူများကို (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်(အကြို) လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)