တန့်ယန်း ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် မိုးလုံလေလုံအားကစားရုံကြီးကို တည်ဆောက်နေရာ မြို့နယ်မှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မိုးလုံလေလုံအားကစားရုံကြီး တည်ဆောက်ပြီးစီးနေမှုအား မြို့နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် စိစစ်ရေးကော်မတီမှ ဌာနဆိုင်ရာများက ကြည့်ရှုစစ်ဆေးရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးလှမျိုးမြင့်နှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့သည်။
ယခုတည်ဆောက်နေသော မိုးလုံလေလုံအားကစားရုံသည် ၂၀၂၂-၂၀၂၃-ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အလျား (၁၂၀)ပေ၊ အနံ (၉၀)ပေရှိ RC အမျိုးအစား အဆောက်အဦဖြစ်ပြီး “မြန်မာအမျိုးသား” ဆောက်လုပ်ရေးအုပ်စု ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေရာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး (ပြန်/ဆက်)