နတ်မောက်မြို့၌ စမ်းသပ်ကွက် ဆီထွက်သီးနှံပန်းနှမ်းရိတ်သိမ်းရာ တစ်ဧက (၁၄) တင်းထွက်ရှိ

နတ်မောက် ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ပန်းနှမ်းများစမ်းသပ်စိုက်ပျိုးခဲ့ရာ မြို့မကွင်းရှိ ကွင်းအမှတ် (၄၇၄) ရှိ တောင်သူ ဦးကြည်ထွန်း၏ လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော ပန်းနှမ်းစိုက်ခင်းစံကွက်ကို ယမန်နေ့ နံနက်ပိုင်းက ရိတ်သိမ်းပွဲကျင်းပခဲ့သည်။

အဆိုပါ ပန်းနှမ်းစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တောင်သူများနှင့်အတူ ပန်းနှမ်းစံကွက်ရိတ်သိမ်းခဲ့ကြသည်။ ပန်းနှမ်းစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုထွက် (၁၄) တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လှဝင်း