အိမ်မဲမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များတွေ့ဆုံပွဲပြုလုပ်

အိမ်မဲ ​ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁)နာရီတွင် မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဝင်းဇော်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ၊လုပ်ငန်းရှင်များတွေ့ဆုံပွဲကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက မြို့နယ်၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာက်စ္စရပ်များအား Power Point ဖြင့် ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဝင်းဇော်က အဖွင့်မိတ်ဆက်စကားနှင့် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ဆန်စက်လုပ်ငန်းလုပ်ငန်းရှင်များ၊ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် မြို့နယ်ဌာနဆိုင်ရာများကိုယ်စား လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ လုပ်ငန်းများအကြောင်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများကို အသီးသီးတင်ပြဆွေးနွေးကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဝင်းဇော်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ)