သတင်းများ

ချောင်းဆုံမြို့နယ်ကွမ်ရိုက်ကျေးရွာ နည်းပညာပြန့်ပွားရေး စင်တာတွင် မိုးစပါးသီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေး ပညာပေးသင်တန်း ဆွေးနွေး ပို့ချ
Jul 29,2022
“လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့် သုံးကြစို့”ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများအား မှန်ကန်စွာ ထည့်သွင်းသုံးစွဲ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးတွင် တောင်သူများ၏ စွမ်းရည်မြင့်မားလာစေရန် ရည်မှန်းချက်ဖြင့် ယမန်နေ့က ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင် မွန်ပြည်နယ်သီးနှံ ကာကွယ်ရေးဌာနခွဲမှ တာဝန်ရှိသူနှင့် မြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများက တောင်သူများအား မိုးစပါးသီးနှံဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးပညာပေးသင်တန်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကို ကျေးရွာ​ခြောက်ရွာတွင် ချေးငွေစုစုပေါင်း  ၁၈၉ ဒသမ ၉ ကျပ်သန်းအား ထုတ်ချေးပြီးစီး
Jul 29,2022
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ Economic Relife Plan (CERP)အရ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ကို  ယမန်နေ့က ကျေးရွာနှစ်ရွာတွင် စီမံကိန်းရန်ပုံငွေများကို တတိယအကြိမ် ထုတ်ချေးပေးခဲ့သည်။
ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစု၏ ဘဏ္ဍာရေးနှစ်ပတ်လည်အစည်းအဝေးကျင်းပ
Jul 29,2022
ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁/၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် အစားထိုးရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အသင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များe-ID ရေးသွင်းခြင်းလုပ်ငန်း အချိန်မီ ပြီးစီးနိုင်ရေး ဆက်လက် ဆောင်ရွက်
Jul 29,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ-၆၆/၆) အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ (software) ဖြင့် e-ID ရေးသွင်းခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ မျိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Jul 29,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသအတွင်းမျိုးစပါးများ မျိုးကောင်း၊ မျိုးသန့် ရရှိထုတ်လုပ်နိုင်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြတ်မင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆင်းသုခနှံကောက်မျိုး စပါးမျိုးစေ့ထုတ်လုပ်စိုက်ပျိုးထားရှိမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် သီပေါနှင့်ဗန်းမော်ထွက် နာနတ်သီးများ ယခင်နှစ်များထက် အဝင်များ
Jul 29,2022
မန္တလေးမြို့တွင် သီပေါမြို့၊ ဗန်းမော်မြို့တို့မှ ထွက်ရှိသည့်နာနတ်သီးများ မန္တလေးမြို့နှင့်အခြားမြို့ကြီးများသို့ နေ့ချင်းရောက်တိုက်ရိုက်ဝယ်ယူရောင်းချရန်လွယ်ကူသည့်အတွက် နာနတ်သီးများယခင်ကထက် အဝင်များကာ နာနတ်သီး လှိုင်လှိုင်ပေါသကဲ့သို့ ဈေးနှုန်းလည်းချိုသာလျက်ရှိကြောင်း နာနတ်သီးရောင်းသူ ဈေးသည်တစ်ဦးထံမှသိရသည်။
မိုးရာသီကာလ လှိုင်လှိုင်ထွက်ရှိသည့် သံတောင်ကြီးဒေသထွက်ကွမ်းကြမ်းများ ဈေးနှုန်းအနည်းငယ်ကျဆင်း
Jul 29,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ  အသက်မွေးကျောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ  နှစ်ရှည်ပင်သီးနှံဖြစ်သည့်  ကွမ်းရွက်ပင်စိုက်ပျိုးခြင်းသည်လည်း  တစ်ခုအပါအဝင်ဖြစ်သည်။
နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်
Jul 29,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်၊ မြို့သန့်ရှင်း သာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်၊ မိုးရေတိုက်စား၍ လမ်းများပျက်စီးမှုမရှိစေရန် ရည်ရွယ်၍ (၇၇၀ ပေ × ၃ ပေ × ၃လက်မ) ရှိ အုပ်စီရေမြောင်း တူးဖော်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိတာ ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။