သတင်းများ

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Feb 22,2023
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် နံနက်(၇:၀၀) နာရီမှစ၍ ထုတ်ပေးလျက်ရှိသည်။
ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံနေကြာ စပ်မျိုးရေဆင်း(၁)စံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာစပ်မျိုး ရေဆင်း(၁) စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာ တွင် ပြုလုပ်ခဲ့သည်။
ရွာငံမြို့နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ချေးငွေကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
Feb 22,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ ချေးငွေကော်မတီဝင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ  
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဌာနလုပ်ငန်းများကို လုံခြုံရေး သတိ၊ လုံခြုံရေးအသိဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁:၀၀ နာရီက ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 22,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ကလေးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ ‌တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်
Feb 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ က‌လေးခရိုင်၊ ကလေးမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးမှ မျိုးစေ့၊ ပျိုးပင်နှင့် စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၃ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဘားအံမြို့တွင် ဈေးကွက်နမူနာကောက်ယူခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Feb 22,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဈေးကွက်နမူနာ ကောက်ယူခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)အဆင့်မြင့်စံပြဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေး   ကျင်းပ
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  မြို့နယ်အတွင်း  ထူးခြားဖြစ်စဉ်သတင်းများ  နှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီစောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်းအမှန်ရရှိစေရေး သတင်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။