သတင်းများ

သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိသည်။
မိုင်းလားမြို့နယ် မိုင်းမဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
Feb 22,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းပများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းရာ ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်၊ မိုင်းမဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီအချိန်က (၁၁/၁၄) ရပ်ကွက်နှင့် ရာဇသင်္ကြန်ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေး
Feb 22,2023
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ငှားရမ်း ပေးခဲ့သည်။ အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသ စာအုပ်မျိုးစုံ (၅၀)ကျော်ကို ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆီးချို၊ သွေးချိုရောဂါအကြောင်း သိကောင်းစရာများ Talk Show ပြုလုပ်
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်ပြည်သူများဗဟုသုတတိုးပွားရရှိ‌စေရေး ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင်လည်း လတ်တလော သက်ကြီးရွယ်အိုများတွင် အဖြစ်များနေသည့် “ဆီးချို၊ သွေးချို ရောဂါအကြောင်း သိကောင်းစရာများ” Talk Show အစီအစဉ်လေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ပေးခဲ့သည်။
စလင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၄၇၁) ဦးအား လူမှုရေးပင်စင်ငွေများ လက်ဝယ်အရောက်ပေးအပ်
Feb 22,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်မှ ကြီးကြပ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
ကော့မှူးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ ရွေ့ပြောင်းတောင်ယာနှင့် နောက်ဆက်တွဲမီးခိုးမြူငွေ့များအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Feb 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရွေ့ပြောင်းတောင်ယာနှင့် နောက်ဆက်တွဲမီးခိုးမြူငွေ့များအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။