သတင်းများ

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးနှင့် အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့နယ် နေကြာမျိုးစေ့ထုတ်စိုက်ခင်းနှင့် ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များအား ကြည့်ရှု စစ်ဆေး
Jul 29,2022
ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်၊ ပဲခူးတိုင်း(အနောက်ခြမ်း)ဒု-တိုင်းဦးစီးမှူး ဦးစန်းလွင်၊ ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းအဖွဲ့များလိုက်ပါ၍ ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာမျိုးစေ့ ထုတ်စိုက်ခင်းနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး
Jul 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့တာဝန် ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရ ဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီအချိန်တွင် ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၅၁၀)ဉီးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm 5 Dose ထိုးနှံပေးခဲ့
Jul 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကူးစက်ရောဂါကင်းရှင်းသော လူ့ဘောင်အသိုက်အဝန်းတွင် ပျော်ရွှင်စွာနေထိုင်ကြီးပြင်းနိုင်ရေးတို့အတွက် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jul 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 29,2022
နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်သံဃာတော်များ  ကြွရောက်ချီးမြှင့်တော်မူကြသည်။
အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ
Jul 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၊ အလုပ်ရုံခန်းမ ၌ ယမန်နေ့ နေ့လယ် (၃)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မေဂျာပေါင်းစုံမောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်း အနားကျင်းပခဲ့သည်။
လားရှိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အသုံးချ Indoor Photography Workshop သင်တန်းဖွင့်လှစ်ပို့ချ
Jul 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လာရှိုးမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်(၁၁)နာရီအချိန်မှစတင်၍အသုံးချ Indoor Photography Workshop သင်တန်းဖွင့်လှစ်ပို့ချကြောင်း
ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဖွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း ပတ်သက်၍ အသိပညာပေး ပြောကြား
Jul 29,2022
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဖွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခြင်း အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။