ထန်းတပင်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၂

တမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှသိရသည်။

နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရာတွင်လည်း ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့်ရိုးရာခြင်းလုံး ကစားနည်းလေးမျိုးတို့ကို မတ်လ(၃)ရက်နေ့မှစတင်၍ တစ်လကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရသည်။

တက်ရောက်လိုကြသည့် အားကစားဝါသနာရှင်များအနေဖြင့်လည်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လာရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)