သတင်းများ

၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မူဆယ်မြို့၊ အ.ထ.က(၂)စာစစ်ဌာန၌ ဖြေဆို ကျင်းပမည်
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မူဆယ်မြို့၊ အ.ထ.က(၂)စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းပေါင်း (၁၀)ကျောင်းမှ ကျောင်းသား/သူ(၃၀၂)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ဟင်္သာတမြို့နယ် စက်မှုလယ်ယာဦးစီးဌာမှ မြေလွှာခွဲကရိယာ (Subsoiler) သရုပ်ပြပွဲပြုလုပ်
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ Subsoiler မြေလွှာခွဲကရိယာ အသုံးပြုနည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ကုန်းကြီးအုပ်စုရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် မြေနေရာတွင် ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား/သူ စုစုပေါင်း (၁၀၄) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက် နေ့တွင်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေး
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားတီဘီတိုက်ဖျက်ရေး စီမံကိန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်း က (၈၉)ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်၌ ဆည်ရေပေးမြောင်းများ တူးဖော်ခြင်းနှင့်ရေပေးဝေအဆောက်အအုံများ ပြုပြင်တည်ဆောက်ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများမကွင်းဆင်းစစ်ဆေး
Feb 23,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာရှိ ဆည်ရေပေးမြောင်းများ တူးဖော်ခြင်းနှင့်ရေပေးဝေရေးအဆောက်အအုံများ ပြုပြင်တည်ဆောက်ပြီးစီးမှုအခြေအနေအား ယမန်နေ့ကတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ 
သီပေါမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူစု စုပေါင်း (၂၀၂) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၂)ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၃
Feb 23,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဋ္ဌာနအသီးသီး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ဖြေဆိုလျက်ရှိလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။