မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
Aug 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်းတွင် ယမန်နေ့ညနေ(၃:၄၅)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မိုင်းတုံအခြေချစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့်အဖွဲ့များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများတက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။