သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် World Children's Picture Contest ပန်းချီပြိုင်ပွဲ ကျင်းပ  
Aug 02,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင်  World Children's Picture Contest ပန်းချီပြိုင်ပွဲကို ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်-၂ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 02,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်-၂”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လင်းလွန်းတောင်ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာတွင် (VRFP)စီမံကိန်းရန်ပုံငွေ တတိယအကြိမ်မြောက် ထုတ်ချေးပြီးစီး
Aug 02,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် Village Revolving Fund Project (VRFP) စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာ(၁၇)ရွာတွင် ကျေးရွာမတည်ရန်ပုံငွေကို တတိယအကြိမ်အဖြစ် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျောက်တံတားမြို့နယ်တွင် E-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများ ရေးသွင်းခြင်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် E-IDစနစ်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ စာရင်းများကို software  programs တွင် ရေးသွင်းခြင်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
မန်တုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဆရာ/ဆရာမများနှင့် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ တွေ့ဆုံ
Aug 02,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အခြေခံအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးရုံးခန်းမ၌ ယမန်နေ့က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အထက်တန်းကျောင်းရှိ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံဖြိုးတိုးတက်စေရေးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Aug 02,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နေကြာသီးနှံ စိုက်ခင်းများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ခေတ်မီစံပြကျေးရွာ (Smart Village)စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၃၁ ရက်က  ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၂)တွင် မြေပဲများစတင်စိုက်ပျိုး
Aug 02,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၂)နှစ်တွင် တောင်သူများအနေဖြင့် မြေပဲများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပေးနှိုးဆော်
Aug 02,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။