သတင်းများ

ဇေယျာသီရိမြို့နယ်ရှိ ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမ အသင်းလီမီတက်မှ အုန်းမာလာခွံကြယ်သီးသင်တန်းဖွင့်
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၊ ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်းလီမီတက်မှ အုန်းမာလာခွံကြယ်သီးသင်တန်းကို ယနေ့နံနက်ပိုင်းက ဝန်ပြန်ကျေးရွာရှိ အဆိုပါအသင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။
ဖျာပုံမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း ဆွေးနွေး
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပျဉ်းမနားမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) တို့ ပူးပေါင်းဆောင်ရွက် သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၄၄၂၄၆ ဧကစိုက်ပျိုးပြီးစီး
Feb 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၄၄၂၄၆ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ် အစိုးရနည်းပညာကောလိပ် စုဝေးခန်းမတွင် လူငယ်စကားဝိုင်းကျင်းပ
Feb 23,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)တို့ပူးပေါင်း၍ “လူငယ်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ အစိုးရနည်းပညာကောလိပ်ရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
နမ္မတူမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၄)မျိုး အခမဲ့သင်ကြားပေးမည်
Feb 23,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ
ဟိုပန်မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်
Feb 23,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ မြို့မဈေးကြီး မီးဘေးလုံခြုံမှုရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့မဈေးရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ကျောက်တန်းမြို့နယ်၌ လူငယ်နှင့်စာရိတ္တအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ (Talk show) ကို ယနေ့နံနက် (၁၀) နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။