နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်
Aug 02,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေးစာရင်း ပြုလုပ်လိုသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက သရက်ချဉ်ကျေးရွာအုပ်စု၊ သက်ရင်းတောကျေးရွာတွင် ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။