သတင်းများ

ကော့မှူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီ က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပခဲ့‌ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းမှ စာဖတ်ဝိုင်းကျင်း
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာ‌ ဒေါက်တာကျော်စိန်၏ "လူငယ်လမ်းညွှန်" စာအုပ်ကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့များက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လင်းခေးမြို့နယ် မိုင်းပန်မြို့တွင် အောင်မြင်ဖြစ်ထွန်းနေသော ပဲပုပ်စိုက်ခင်း၊ ကြက်သွန်ဖြူစိုက်ခင်း၊ လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေးရရှိရေးလုပ်ငန်း များအားကွင်းဆင်းကြည့်ရှု
Feb 23,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန် ရှိသူတို့သည် ဖေဖော်ဝါရီ(၂၂)ရက် မွန်းလွဲ(၁)နာရီခွဲက လင်းခေးခရိုင်
တပ်ကုန်းမြို့၌ လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး( Talk Show )ကျင်းပ
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့ ပူးပေါင်း၍ လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူလတန်းအဆင့် ပန်းချီအခြေခံသင် တန်းဖွင့်လှစ်
Feb 23,2023
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် အတွင်း ကလေးငယ်များ အသိပညာဗဟုတတိုးပွါးပြီး ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့်ပန်းချီအခြေခံသင်တန်းကို ​​ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ အနုပညာခန်း၌ ကျင်းပပြုလုပ်သည်။
စစ်တွေမြို့၌ ကလေးသူငယ်အခွင့်အရေး ဥပဒေရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 23,2023
ကလေးသူငယ်အခွင့်အရေး ဥပဒေရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 23,2023
ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ခရမ်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီတွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုရ်အစည်းဝေးခန်းမ၌ ကျင်းပသည်။