၂၀၂၂-၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် G-5နှင့် အလယ်တန်းအဆင့် G-9 နှစ်ဆုံးစာမေးပွဲဖြေဆို
Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် G-5 (စတုတ္ထတန်းသင်ရိုးသစ်)နှင့် အလယ်တန်းအဆင့် G-9(အဌမတန်း သင်ရိုးဟောင်း) နှစ်ဆုံးစာမေးပွဲကို ယမန်နေ့စ၍ မတ်လ(၁)ရက်နေ့အထိ (၈)ရက်တိတိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။