မိုးညိုမြို့နယ်၊ ရှားဖြူကုန်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်
Aug 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လစဉ်ကျေးရွာများသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ယမန်နေ့နေ့လည် ၁၂ နာရီက မြောက်လွတ်ကုန်းကျေးရွာအုပ်စု၊ ရှားဖြူကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။