သတင်းများ

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး
Feb 23,2023
စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မြို့မဈေးနှင့် အာဟာရသုခဈေးများသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
လူငယ်နှင့်အားကစားအသိပညာပေး Talk Show သန်လျင်၌ ကျင်းပ
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ‌လူငယ်နှင့် အားကစားအသိပညာ‌ပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မိုင်းဆတ်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖဒေသခံပြည်သူများနှင့်တွေ့ဆုံ
Feb 23,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည်
ဘားအံတက္ကသိုလ်၌ သီချင်းဆိုပြိုင်ပွဲနှင့် မိတ်ဆုံစားပွဲကျင်းပ
Feb 23,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံတက္ကသိုလ်တွင် ဆရာ/ဆရာမ၊ ဝန်ထမ်းများ အဆင့်အတန်းမရွေး ချင်ခင်ရင်းနှီးစွာ မိသားစုစိတ် ဓာတ်ဖြင့် တစ်စိတ်တစ်ဝိုင်းတည်း ပေါင်းသင်းဆက်ဆံနိုင်ရေးနှင့် အပန်းဖြေစေနိုင်ရေးတို့ကို ရည်ရွယ်၍သီချင်းဆိုပြိုင်ပွဲနှင့် မိတ်ဆုံစားပွဲကို ယမန်နေ့ညနေပိုင်းက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ/ဆရာမ ဝန်ထမ်းများ ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သာစည်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်
Feb 23,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးကြိုကာလများ၌ဖြစ်တတ်သည့် လေပြင်းဘေးကိုကြိုတင်ပြင်ဆင်ခြင်းအားဖြင့် ထိခိုက်မှုနည်းပါးစေရန် ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကွင်းဆင်းခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင်ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့်  စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများအား စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့နယ်သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်စာတိုက်ရုံးတို့၌ ယနေ့မွန်းလွဲ ၂ နာရီတွင်သွားရောက်ငှားရမ်း ပေးခဲ့သည်။
လူငယ်စကားဝိုင်း တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ကျင်းပ
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး
Feb 23,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ (၂၀)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။