သတင်းများ

ကျုံပျော်မြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 25,2023
ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေမှန်များ၊ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့် မိမိရပ်ရွာဒေသတွင်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြနိုင်စေရန်အတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း တွေ့ဆုံပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 25,2023
ဒေသတွင်းမှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက် လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေ တောင်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦး ဆောင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံခြင်းကို ဖေဖော်ဝါရီ(၂၄) ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာရှိ ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အောင်ပွဲရ အားကစားသမားများအား ကြိုဆိုဂုဏ်ပြု
Feb 25,2023
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစား ပြိုင်ပွဲတွင် ဘားအံပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရ အားကစားသမားများသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ခန့်က မော်တော်ယာဉ်များဖြင့် ဘားအံမြို့သို့ ပြန်လည်ရောက်ရှိလာရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများက ဘားအံမြို့အဝင် မုခ်ဦးမှစ၍ သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
ပင်လုံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှု လျော့နည်းပပျောက်ရေး လူထုပညာပေးဟောပြောပွဲကျင်းပ
Feb 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင် သစ်ထုတ်ယူမှု လျော့နည်းပပျောက်ရေး လူထုပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
မအီမြို့တွင် ဒေသထွက် ဓနိဖက်ထိုးလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိ
Feb 25,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ရေငံပိုင်းကျေးရွာများရှိ ဒေသခံများမှာ တစ်နိုင်တစ်ပိုင် ဒေသထွက် ဓနိဖက်ထိုးခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လျှပ်စစ်ပစ္စည်း ပြုလုပ်နည်း သင်တန်း(အခမဲ့) ဒုတိယနေ့ ဆက်လက်ဖွင့်လှစ်
Feb 25,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လျှပ်စစ်ပစ္စည်းပြုလုပ် နည်းသင်တန်း(အခမဲ့)အား ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ဒုတိယနေ့ ဆက်လက်ပို့ချလျက်ရှိကြောင်း  သိရသည်။
ကလေးမြို့‌ တောင်ဇလပ်ရပ်ကွက်တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Feb 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၈)၊ အမှတ်(၆)လမ်းရှိ အိမ်အမှတ် (၂၁၈) လူနေအိမ်တစ်လုံးမှာ  ယနေ့နံနက်ပိုင်း ၁၁ နာရီ ၅ မိနစ်အချိန်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုအရ မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း ကလေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။