သတင်းများ

မန်တုံမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဝက်များ ဖြန့်ဖြူးပေးအပ်
Aug 02,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မွေးမြူရေးဘဏ်စနစ်အရ ဒေသဝက်များ ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မန်ပွန်း(က) ကျေးရွာအုပ်စု၊ နမ့်ယန်းကျေးရွာ၊ ဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ဆက်လက်ထိုးနှံ
Aug 02,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ရွှေပေါက်ကံဒေသန္တရကျန်းမာရေးဌာန၊ မယ်လမုစင်တာနှင့် (ဌ)ရပ်ကွက်ဒေသန္တရကျန်းမာရေးဌာန၊ အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီ လွှမ်းခြုံနိုင်ရန်  ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ  ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 02,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ် ဆေးများကို ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေပြည်သူများအား ယနေ့နံနက် ၉ နာရီမှစ၍ ချောင်းဝိုင်းလေးရပ်ကွက်ရှိဓမ္မာရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဒေးဒရဲမြို့၌ အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့မအခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေး
Aug 02,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ (ဒုတိယအကြိမ်)အစည်းအဝေး ကျင်းပ
Aug 02,2022
ရခိုင်ပြည်နယ်၊ ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ(ဒုတိယအကြိမ်)အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေခြင်းလုပ်ငန်းဆောင်ရွက်
Aug 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်‌ရေး၊ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က သုံးခွ-ရန်ကုန်သွား ကားလမ်းမဘေး အမှတ် ၅ ရပ်ကွက် မဟာစည်သာသနာ့ရိပ်သာရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသက် ၂၃ နှစ်အောက် ဝိုင်းမော်နယ် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်၏ အမျိုးသား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပ
Aug 02,2022
ဝိုင်းမော်နယ် နှစ်ခြင်းခရစ်ယာန် အသင်းများ စုပေါင်း၍ အသက် ၂၃ နှစ်အောက် အမျိုးသား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။