သတင်းများ

သာကေတမြို့နယ်၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်
Feb 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အခြေခံအားကစားသင်တန်းများအား ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ (အခမဲ့)ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် အသက်(၁၅)နှစ်အောက် ကျောင်းပြင်ပကလေးငယ်များနှင့် မူကြိုကလေးငယ်များအား Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Feb 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို၊ အမှတ်(၁)ရပ်ကွက်၊ ကျေးလက်ကျန်းမားရေးဦးစီးဌာနရှိ ဆေးပေးခန်းမ၌ ကလိန်အောင်မြို့ပေါ်ရပ်ကွက်များရှိ အသက်(၁၅)နှစ်အောက် ကျောင်းပြင်ပကလေးငယ်များနှင့် မူကြိုကလေးငယ်များအား Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းဆွေးနွေး
Feb 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လာမည့်ပညာသင်နှစ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းများတွဲဖက်ဖွင့်လှစ်၍ သင်ကြားသွားမည်ဖြစ်ရာ၊ Grade-9 သင်ယူပြီးမြောက်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အခွင့်အလန်းကောင်းများ ရရှိနိုင်မည်ဖြစ်သဖြင့် ရွေးချယ်တက်ရောက်နိုင်ရေး၊ တတိယအကြိမ်မြောက် အသိပေးရှင်းလင်းပွဲကို၊ ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဖွားများအတွက်  လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နေ့လယ်(၁) နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) အထိမ်းအမှတ်အကြို မေးရိုးနှင့်ခံတွင်းခွဲစိတ်ဆောင်၊ နှလုံးကြပ်မတ်ကုသဆောင် ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
Feb 27,2023
မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)၊ (Myanmar Health Sciences Conference, MHSC 2023) အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍
မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကျင်းပ
Feb 27,2023
ရန်ကုန်ဒေသကြီးမြောက်ပိုင်း၊ မင်္ဂလာဒုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက်(၁၁) နာရီအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မင်္ဂလာဒုံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့် အဖွဲ့ဝင်များက ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး
Feb 27,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ
Feb 27,2023
မန္တလေး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။