ညောင်ဦး ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ယနေ့နံနက် ၆ နာရီခွဲ အချိန်က ပတ်ဝန် းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးမင်းနိုင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်ကာ၊ ခရိုင်လမ်းဦးစီးဌာနဝန်ထမ်းများ၊မြတ်နိုးသူကုမ္ပဏီမှ ဝန်ထမ်းများ၊ Heritage Hotel ၊Bagan Win Hotel တို့မှဝန်ထမ်းများပူးပေါင်းကာ ယုန်လွှတ်ကျွန်း နန်းတော်ရာမှတ်တိုင်မှ ညောင်ဦးမြို့ အဝင်တိုးဂိတ်အထိလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာမှ ပလတ်စတစ်အမှိုက်များ၊ ဗော့ဘူးခွံများ၊ သစ်ရွက်ခြောက်အမှိုက်များကို စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း ညောင်ဦးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးမင်းနိုင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး)ထံမှသိရသည်။
ဒီပါလင်း