ပိုင်ကျုံ မတ် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် လမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးခဲ့သည်။
အဆိုပါတံတားသည် ပိုင်ကျုံမြို့အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် ဆက်သွယ်ထား လျက်ရှိရာ အရှည် ၃၀ ပေ × အကျယ် ၁၇ ပေရှိပြီး၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ်(၂၉၆)သိန်းဖြင့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ နိုဝင်ဘာလ ပထမ အပတ်တွင် စတင်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မတ် ၁ ရက်နေ့တွင် တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ပါ၍ ဒေသနေပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာ သွားလာနိုင်သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။
နော်ခူး(ပြန်/ဆက်)