လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ပြည်သာလင်းအေးစေတီတော်မြတ်ကြီး ရွှေထီးတော်တင် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ

လှိုင်းဘွဲ   မတ်  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မှုသော ပြည်သာလင်းအေးစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်(၄၄)ဆူတို့အား ရွှေထီးတော်တင် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအမျိုးသားဘောလုံးပြိုင်ပွဲကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ အကြီးတန်းဘောလုံးအသင်း (၁၂)သင်း၊ အငယ်တန်း ဘောလုံးအသင်း(၃၂) သင်းတို့ဖြင့် ဖေဖော်ဝါရီ(၅)ရက်နေ့မှ စတင်ကာ မတ်လ(၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ+ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲကို မတ်လ(၁)ရက်မှ မတ်လ(၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် မြန်မာ+ ထိုင်း အထူးစိတ်ခေါ်ပွဲ အပါအဝင်၊ (၅)သိန်း အောင်လံလုပွဲ၊ (၇)သိန်းအောင်လံလုပွဲနှင့် စိတ်ခေါ်ပွဲများ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)