သတင်းများ

မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ နွေရာသီ အခြေခံအားကစား Fitness Dance သင်တန်းကျင်းပ
Mar 03,2023
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစား သင်တန်းဖြစ်သည့် Fitness Dance သင်တန်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်ရွှေမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်
Mar 03,2023
အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းအားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းများအတိုင်း စနစ်တကျကစားတတ်စေရန်၊ အားကစားသမား မျိုးဆက်သစ်လက်ရွေးစင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာ ယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းအားရက် အခြေခံအားကစားသင်တန်းများဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်“ကျားမတန်းတူညီမျှဖို့  နည်းပညာဖြင့် ဆန်းသစ်စို့” စာစီစာကုံးပြိုင်ပွဲကျင်းပ
Mar 03,2023
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး၊ (၂၀၂၃) ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် “ကျားမတန်းတူညီမျှဖို့ နည်းပညာဖြင့် ဆန်းသစ်စို့ “စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ညောင်ဦး-မြင်းခြံကားလမ်းချဲ့ထွင်ခင်းမည့် နေရာ ကြည့်ရှုတိုင်းတာ
Mar 03,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ညောင်ဦး-မြင်းခြံ-ပခုက္ကူ သွားကားလမ်း တစ်ဖက်သုံးပေချဲ့ခင်းမည့် သာယာဝတီရပ်ကွက် မြို့တွင်းလမ်းချဲ့မည့်နေရာများကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ ယမန်နေ့ နေ့ခင်းပိုင် ၂နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ချောက်မြို့မ​စျေး၌ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 03,2023
မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့မ​စျေး၌ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ထောက်ခံချက်မပါဘဲ Parbisure ဆေးရောင်းချနေမှု ရှိ၊ မရှိနှင့် သက်တမ်းလွန်​ပြီးစားသုံးရန်မသင့်​သော အစားအ​သောက်လူသုံးကုန်ပစ္စည်း​များအား​ စျေးကွက်အတွင်း​ရောင်းချမှုမရှိ​စေ​ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 03,2023
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ပြုလုပ်
Mar 03,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမ်းမြို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 03,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ မတ်လ ၁ ရက် နေ့လယ်ပိုင်းက  အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး အမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။