စုကလိမြို့တွင် မူးယစ်ဆေးဝါး အန္တရာယ်နှင့် လူငယ်များအကြောင်း အသိပညာပေး  Talk Show ပြုလုပ်

စုကလိ   မတ်    ၃

ယနေ့လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်၏ ဆိုးကျိုးများနှင့် လူငယ်များအနေဖြင့် ရှောင်ရှားသတိပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေး Talk Show အား ယနေ့ နံနက်ပိုင်းအချိန်က စုကလိမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးမှ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ)  ဦးကိုကိုအောင်က မူးယစ်ဆေးဝါး  စွဲလမ်းမှုသည် ဦးနှောက်တွင်ဖြစ်သည့် ရောဂါဖြစ်ပြီး ကာလကြာရှည်စွာ အကြိမ်ကြိမ် ပြန်လည်ဖြစ်ပွားတတ်သည်။မူးယစ်ဆေးဝါးစွဲလမ်းမှုကြောင့် ကျန်းမာရေးစီးပွားရေးနှင့် လူမှုရေးထိခိုက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြရပြီး  မိမိအနာဂတ်များ ပျက်စီးဆုတ်ယုတ်နိုင်ကြောင်း အငယ်တန်းစာရေး (အင်အားပြ) ဒေါ်စိုးမို့မို့ဌေးက. မြန်မာ နိုင်ငံတွင် မူးယစ်ဆေးသုံးစွဲ ကြပုံအမျိုးမျိုးများရှိပြီး  ဘိန်းဖြူကို အကြောတွင်းသို့ ထိုးသွင်းသုံးစွဲ နေကြသည့်အတွက် ထိုမှတဆင့် HIV ကူးစက်ပြန့်နှံ့ခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး၊ ထိုလူငယ်များမှ မိမိတို့ ဆန္ဒအလျောက် ဆေးဖြတ်ခြင်းဖြင့် ပြန်လည်ထူထောင်ရေး စခန်းများတွင် ကုသနိုင်ကြောင်း တို့ကိုဆွေးနွေးပေးခဲ့သည်။

အဆိုပါ  အသိပညာပေး Talk Show အား We Love sukali page တွင် အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်