သတင်းများ

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပုံတူဆွဲပြိုင်ပွဲများပြုလုပ်
Mar 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ကလေး/သူငယ်များနှင့် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပုံတူဆွဲပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ် အရိုးဒါးကျေးရွာကျေးရွာ၌ ကရင်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းမှ Grade –(1)၊ Grade (2) အပတ်စဥ် (၆) မွမ်းမံသင်တန်းဖွင့်လှစ်
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အရိုးဒါး ကျေးရွာအုပ်စု၊ အရိုးဒါးကျေးရွာ၌ ကရင်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှု အသင်းမှ Grade–(1)၊ Grade(2) အပတ်စဥ် (၆) မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်း (အရိုးဒါး) ပညာသီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝ/ဘောဂဘာသာရပ်ကို ကျောင်းသား/ကျောင်းသူပေါင်း(၇၃၈)ဦး ဝင်ရောက်ဖြေဆို
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝ/ဘောဂဘာသာရပ် (နောက်ဆုံးရက်)ကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာန(၃)ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း (၇၃၈)ဦးအေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ နောက်ဆုံးရက် ဇီဝဗေဒဘာသာရပ်အား ဖြေဆို
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် အထက(၂)စာစစ်ဌာန၌ အစိုးရအခြေခံ ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းတွင်း/ကျောင်းပြင် ကျောင်းသား/သူများက ၂၀၂၂-၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ-နောက်ဆုံးရက် ဇီဝဗေဒဘာသာရပ်အား ယနေ့ နံနက် ၉ နာရီမှ စတင်၍  အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
ကျေးလက်ထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ဆည်ကုန်း-ဈေးရွာ ကျေးရွာချင်းဆက်လမ်းအား ဂျင်းကျောက်ခင်းခြင်းများ ဆောင်ရွက်ပေး
Mar 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ထွက်ကုန်များ လယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ဆည်ကုန်း-ဈေးရွာကျေးရွာခြင်းဆက်လမ်းအား ဂျင်းကျောက်ခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ငပုတောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ အုပ်စု၊ တောင်ကလေးကျေးရွာ၊ အထက-တောင်ကလေး စာစစ်ဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ၊ စာစစ်ဌာန၌ အတွင်းစည်း၊ အပြင်စည်းဖြင့် လုံခြုံရေး ဆောင်ရွက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ် ကင်းဝေးစေရေး ၊ယာဥ်လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။
လိပ်သိုဒေသထွက် သဘာဝကော်ဖီမှုန့်စစ်စစ်များ ဈေးကောင်းရရှိ
Mar 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်းများပေါများ၍ နေထိုင်သူဒေသခံတောင်သူများမှာ တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းခဲ့ရာမှ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ကော်ဖီသီးနှံ ကို စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ ထွက်ရှိလာသော ကော်ဖီစေ့များအတိုင်း ရောင်းချခြင်း အပြင် အမှုန့်ကြိတ်ရောင်းချရာတွင်လည်း ဈေးကောင်းရရှိနေကြောင်း သိရသည်။
Mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်း
Mar 15,2023
ဒေသခံပြည်သူများနှင့် လူငယ်၊လူရွယ်များကို အသိပညာဗဟုသုတများ တိုးတက်မြင့်မားရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် စာအုပ်၊ စာစောင်များနှင့် ပိုမိုရင်းနှီးမှုရှိစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက mobile library စနစ်ဖြင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းသို့ ယမန်နေ့နံနက် (၁၁း၀၀)နာရီအချိန်တွင် သွားရောက်၍ နယ်လှည့်ကွင်းဆင်းပြီး စာအုပ်၊ စာစောင်နှင့် သုတရသစာပေများကို အခမဲ့ငှားရမ်းပေးခဲ့ပါသည်။