ကျိုက်လတ်မြို့နယ် ဖောင်ရိုးချောင်းကျေးရွာအုပ်စုတွင် ဆောင်းသီးနှံနေကြာစံကွက် ရိတ်သိမ်းပွဲပြုလုပ်
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းကျေးရွာအုပ်စု၊ ဘုရားလေးစု ကျေးရွာ၊ တောင်သူဦးအုန်းမြင့်၏ ကွင်းအမှတ်(၆A)၊ ဦးပိုင်အမှတ်(၆c/၈)ရှိ စိုက်ခင်းတွင် ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးသော ဆောင်းသီးနှံ နေကြာသီးသန့်(၉)ဧကမှ ဆင်းရွှေကြာ(၂) အမျိုးအစား ၂ ဧက (၆.၆)ပေပတ်လည် ဆောင်းသီးနှံ နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က ပြုလုပ်ခဲ့သည်။