သတင်းများ

အမ်းမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Mar 15,2023
ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို
Mar 15,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ မတ်လ(၈)ရက်နေ့မှစတင်၍ ဖြေဆိုခဲ့ရာ မတ်လ(၁၄)ရက်နေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုရပြီး ယနေ့အထိ(၆)ဘာသာဖြေဆိုပြီးဖြစ်သည်။ အောင်လံခရိုင် အောင်လံမြို့နယ်၌ စာစစ်ဌာန(၅)ခုရှိပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်အသိပညာပေး ​ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
(၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များ ကံမမြို့နယ်၌ ဖြန့်ဝေ
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊   ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  အ.ထ.က(ကံမ) ကျောင်းတွင်
မင်းလှမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့အထက(မင်းလှ)ကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယနေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်
Mar 15,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လည် (၁၂)နာရီ အချိန်က အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း စာစစ်ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ထပ်လုံစေတီတော်ကို စိတ်အေးချမ်းစွာ ဖူးမြော်နိုင်ရန် သန့်ရှင်းရေးလုပ်အားဒါနပြု
Mar 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီးကို ဘုရားဖူးများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၃ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ပညာရေး၊ လူမှုဝန်ထမ်း၊ ရွေး/ကော်၊ သာထွန်းပြန့်၊ သမဝါယမဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုခဲ့သည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်များ ဖြေဆိုပြီးစီး
Mar 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်များကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။