သတင်းများ

ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်
Mar 15,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က မီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Mar 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ခေါင်းဆောင်မှု ပညာ သိကောင်းစရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Mar 15,2023
ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြေအောက်ရေအသုံးပြုကာ မာလာကာခြံစိုက်ပျိုးရောင်းချသူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေ
Mar 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် အနီးကျေးရွာများသည် မြေအောက်ရေကိုအသုံးပြုကာ မာလာကခြံစိုက်ပျိုးသူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း လဲဂွကျေားရွာ မာလာကာခြံစိုက်ပျိုးရောင်းချသူ ဦးကျော်ဝင်းထံမှ သိရသည်။
ဇီးကုန်းမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာသဒ္ဒါ(အခမဲ့)သင်တန်းဖွင့်လှစ်
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအခြေခံကို နားလည်သိရှိစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသဒ္ဒါ(အခမဲ့)သင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် Community Centre ခန်းမ၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၃)ဖွင့်လှစ်
Mar 15,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း(၁/၂၀၂၃)အား သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဥ်  ၁/၂၀၂၃) ဖွင့်လှစ်
Mar 15,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကျိုက်မရောမြို့နယ်ရုံးမှ ကြီးမှူးကျင်းပသော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်သုခရပ်ကွက်  (School Cum Shelter)ရှိ စားနပ်ရိက္ခာဂိုဒေါင်၌ ကျင်းပခဲ့သည်။