ကြာအင်းဆိပ်ကြီးမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအား ရွှေရင်အေး အအေးတိုက်ကျွေး

ကြာအင်းဆိပ်ကြီး မတ် ၁၅

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၈ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်း စာစစ်ဌာနအသီးသီးတွင် ပြုလုပ်ကျင်းပဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း လာရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရွှေရင်အေး အအေးတိုက်ကျွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ရွှေရင်အေး အအေးတိုက်ကျွေးခြင်းကို မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှ အရာရှိ အရာခံ စစ်သည်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဝန်ထမ်းများက စာမေးပွဲလာရောက် ဖြေဆိုကြသည့် ကျောင်းသား/ ကျောင်းသူများအား စုပေါင်း၍တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စာစစ်ဌာန၌ ယနေ့ဖြေဆိုသည့် ဘောဂဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား (၁၀၆)ဦး၊ ကျောင်းသူ(၁၉၂)ဦး၊ စုစုပေါင်း(၂၉၈)ဦးရှိပြီး ယနေ့လာရောက်ဖြေဆိုသည့် ကျောင်းသား(၈၇)ဦး၊ ကျောင်းသူ(၁၆၇)ဦး၊ စုစုပေါင်း (၂၅၄)ဦး ဖြေဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသား/ကျောင်းသူ(၄၄)ဦးဖြေဆိုရန် ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူမှာ ၈၅.၂၃% ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)