ကော့သောင်း မတ် ၁၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန မှ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အကြောင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ပြုလုပ်သည်။
အသိပညာပေးဟောပြောမှု အစီအစဉ်တွင် သင်တန်းသူအမျိုးသမီးငယ်များအား ကော့သောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာက စားသုံးသူအခွင့်အရေးဖြစ်ပေါ် လာပုံနောက်ခံသမိုင်းကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့်စားသုံး သူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)