သတင်းများ

ပဒေသာကပွဲနှင့်မူလတန်းကြိုအဆင့် သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပွဲကျင်းပ
Mar 31,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ပဒေသာကပွဲနှင့် မူလတန်းကြိုအဆင့်သင်ယူပြီး မြောက်ကြောင်းအသိအမှတ်ပြု ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင်  လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းနှင့်ဂျပန်စကားပြောနည်းသင်တန်း၊သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူးကျင်းပသည့်နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစေရန် စာစီစာကုံးရေးသားနည်းနှင့်ဂျပန်စကားပြောသင်တန်း၊ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရမည်းသင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။‌
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကျင်းပ
Mar 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၁၀နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြဗဟိုဌာနတွင် သင်တန်း ဆင်းပွဲကျင်းပခဲ့သည်။
နွားထိုးကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 31,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်စိန် (အရှေ့) ကျေးရွာ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး
Mar 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊မေတ္တာကုန်းကျေးရွာအုပ်စု၊ တောင်စိန် (အရှေ့) ကျေးရွာ၊ ကရင်ဘုရားကျောင်း၌ ယမန်နေ့ နေ့လယ် ၁၂ နာရီ၃၀မိနစ်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ‌ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့်ပြည်သူလူထု‌ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
စံဦးကျေးရွာ မြစိမ်းရောင်ရံပုံငွေ ပဉ္စမအကြိမ် လက်ဆင့်ကမ်းပေးအပ်ပွဲကျင်းပ
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) စံဦးကျေးရွာ မွေးမြူ ရေးရံပုံငွေ လက်ဆင့်ကမ်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က တောင်သာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော
Mar 31,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်၊ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန်တော်ကြီး၌ ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့၌အစိုးရ ပါဠိပထမပြန် စာမေးပွဲကျင်းပ
Mar 31,2023
နွားထိုးကြီးမြို့၊အမှတ်( ၁)ရပ်ကွက်အတွင်းရှိ ထန်းငယ်တောကျောင်း စာသင်တိုက်၌ ယမန်နေ့မွန်းတည့်(၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိ ပထမပြန်စာမေးပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။