သတင်းများ

တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်များ ကျင်းပ
Mar 30,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ် ကျင်းပပြုလုပ်သော ဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်မှ ညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
မာန်အောင်မြို့နယ်၌ အသက်(၅၀)နှစ်ထက်နိုင်ငံ့ဝန်ထမ်းများအားကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး စတုတ္ထနှင့်ပဉ္စမအကြိမ်ဆက်လက်ထိုးနှံ
Mar 30,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အသက်(၅၀)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထနှင့်ပဉ္စမအကြိမ်ထိုးနှံခြင်းကို ဒုတိယနေ့အဖြစ် ယမန်နေ့ နံနက်၁၀နာရီက မြို့နယ် ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင်ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ရန်ကင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး​ဆောင်ရွက်
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျှော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ရည်ရွယ်၍ လမ်းမီတိုင်များပြုပြင်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်လျှပ်စစ်မန်​နေဂျာရုံးမှ ဦးဆောင်ကြီးကြပ်မှုဖြင့်ဝန်ထမ်းများက  ဆောင်ရွက်ခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 30,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့အမှတ်(၁)ရပ်ကွက်၊ သီရီမင်္ဂလာလမ်းရှိနေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်
Mar 30,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံမူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက
မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့မှ လမ်းညွှန်ဆိုင်းဘုတ်များ ဆောင်ရွက်ပြီးစီး
Mar 30,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက်  မောတောင်မြို့ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးအောင်က ဦးဆောင်ကြီးကြပ်လျက် မြို့တွင်းလမ်းများ (၁၀) လမ်း၏ လမ်းအမည် ဆိုင်းဘုတ်များကို ပြုလုပ်ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ဖူးစားပြောင်းစျေးကောင်းရ၍ စိုက်ပျိုးသူများပြားလာ
Mar 30,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ဖူးစားပြောင်းစျေးကောင်းရ၍ စိုက်ပျိုးသူများပြားလာကြောင်း မာလာကာကုန်းကျေးရွာဦးမြင့်အေးထံမှ သိရသည်။