သတင်းများ

နတ်မောက်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး 
Mar 30,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့သည်။                                       
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Mar 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်၌ ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ်၌  မြို့နယ်အဆင့်မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်
Mar 30,2023
မြင်ခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ယမန်နေ့နံနံက် ၉ နာရီကစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမများအားသင်ကြားရေးစွမ်းဆောင်မြှင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အုတ်ဖိုမြို့နယ်အတွင်း ကျန်းမာရေးစစ်ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Mar 30,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ ကံသာယာကျေးရွာရှိ ကံသာယာကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်ကာ ကျေးလက်ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျိုင်းတောင်းမြို့တွင် ရှမ်းရိုးရာစုပေါင်းရှင်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Mar 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ယခုအချိန်ကာလ၌ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်းရှင်ပြုပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့၌ မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 30,2023
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့  မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီမှစ၍ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ဆရာ/ဆရာမများအား သင်ကြားရေးစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် မူလတန်း ဘာသာ ရပ် စွမ်းရည်မြှင့် ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များ အားလပ်ရက်တွင် ပျော်ရွှင်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Mar 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။