သတင်းများ

ကော့သောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပလျက်ရှိ
Mar 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ်လ(၂၈)ရက်နေ့က ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် ဒုတိယနေ့အဖြစ် ပစ္စည်းသဒ္ဒါဘာသာကို ဖြေဆိုလျက်ရှိသည်။
အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၅)မြို့နယ်မှ ကျေးရွာ(၅)ရွာ ကျေးလက် မီးလင်းရေးလုပ်ငန်း(Mini-Grid) လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Mar 30,2023
မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၅)မြို့နယ်မှ ကျေးရွာ(၅)ရွာတွင် ကျေးလက်မီးလင်းရေးလုပ်ငန်း(Mini-Grid) လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်  မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသ
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရုံးဌာနများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁)နာရီအချိန်ကမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုင်းတောင်းမြို့၌ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေး လုပ်ကိုင်ကြသူများ အဆင်ပြေ
Mar 30,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့ရှိ ပြည်သူများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိကြပြီး လယ်ယာလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကြက်သွန်နီများစျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးစီစဥ်ဆောင်ရွက်
Mar 30,2023
ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနဦးဆောင်စီစဥ်မှုဖြင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း(၉)သင်းအား ယမန်နေ့နံနက်ပိုင်းက ကြက်သွန်နီအချိန်ပိဿာ(၄၀၀)ကို ပြည်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဥ်ဆောင်ရွက်ခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေး ကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Mar 30,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေး ကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  တိုင်းဒေသကြီး အခြေခံပညာကျောင်းများ အခြေပြုကင်းထောက်ဖွဲ့စည်းရေးနှင့် ဆရာဖြစ်သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Mar 30,2023
မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများအခြေပြုကင်းထောက်ဖွဲ့စည်းရေးနှင့် ဆရာဖြစ် သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ ရက် ယနေ့နံနက် ၉ နာရီက မကွေး ပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ်၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး အစိုးရ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုနေမှုအား ကြည်ညိုဖူးမြော်
Mar 30,2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာ သာသနာ့ဗိမာန်တွင် ဆက်လက် ဖြေဆိုလျက်ရှိသည်။