သတင်းများ

မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပွဲ အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
Apr 01,2023
မွန်ပြည်နယ် မော်လမြိုင်မြို့ မတ်လ၁၉ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်နယ်နေ့တွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ဟိုပန်၌ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်
Apr 01,2023
နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူ၊ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြရန်နှင့် အခြေခံကွန်ပျူတာပညာရပ်များအား သိရှိတက်မြောက်ကြစေရန် ရည်ရွယ်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးပြီး မတ်လ(၂၁)ရက်နေ့မှ စတင်ကာ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး   ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက်
Apr 01,2023
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 01,2023
 မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဖက်အထက်တန်းကျောင်း စာသင်ဆောင်သစ်ဖွင့်လှစ်
Mar 31,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း၏ စာသင်ဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခန့် က အဆိုပါကျောင်းစာသင်ဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Mar 31,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံ ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက ရေနံဝန်းနှင့် တောင်သာရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးကြသည်။
၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသည့် စာဖြေသံဃာနှင့် သီလရှင်များအား ကြည့်ရှုအားပေး
Mar 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာ၀န်ရှိသူများက ယနေ့မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
သုံးခွမြို့နယ် သမဝါယမအသင်းစု၌ ကြက်သွန်နီများအား ဈေးနှုန်းချိုသာသွာဖြင့် ရောင်းချပေး
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် သမဝါယမအသင်းစု၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကြက်သွန်နီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။