သတင်းများ

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ပို့ချခဲ့သော အခြေခံပန်းချီရေးဆွဲနည်းနှင့် English Grammar သင်တန်းများမှ ထူးချွန်ဆုများချီးမြှင့်
Apr 03,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ပို့ချလျက်ရှိသော အခြေခံပန်းချီရေးဆွဲနည်းနှင့် English Grammar သင်တန်းများဆင်းပွဲနှင့်ထူးချွန်ဆုများချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါသင်တန်းခန်းမတွင် ပြုလုပ်သည်။
ကျိုင်းတုံမြို့နယ်၌ တောမီးလောင်ရာမှတစ်ဆင့် ကူးစက်မီးလောင်ဆုံးရှုံးကာ  မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ပစ္စည်းများ ထောက်ပံ့ပေး
Apr 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းအင်းကျေးရွာအုပ်စု၊ မာဟီးတတ်(၁) ကျေးရွာ တွင် တောမီးမှတစ်ဆင့် ကူးစက် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ခြေ(၅)အိမ်မှ မီးဘေးသင့် အိမ်ထောင်စုဝင်များကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက  ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌
ကျောက်ပန်းတောင်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးနေ့ဖြေဆို ဖြေဆိုမှုရာခိုင်နှုန်း ၈၉.၀၀ ရာခိုင်နှုန်းရှိ
Apr 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်၊ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကို၊ မတ်လ(၃၁) ရက်နေ့မှ စတင် ကျင်းပလာခဲ့ရာ၊ ယနေ့ဧပြီလ ၃ ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် ပထမကြီးတန်း ဘာသာပြန်ဘာသာကို ဖြေဆိုတော်မူကြကြောင်းသိရပြီး၊ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၈၉.၀၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ဓမ္မာစရိယဂုဏ်ပြုပူဇော်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 03,2023
၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်သော ဆရာတော်၊ သံဃာတော်အရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိ မဟာရွှေကံသာကျောင်းတော်၌ ကျင်းပသည်။
ရေဖြူ၌ (၁၈)ကြိမ်မြောက် သင်္ကြန်တွင်း မဟာစည်ဝိပဿနာ(၁၀) ရက်တရားစခန်း ဖွင့်လှစ်မည်
Apr 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (က/ခ)ရပ်ကွက်၊ ဓမ္မမာမကကျောင်း၌ ၂၀၂၀ ခုနှစ် မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း သုံးနှစ်တာရပ်နားထားသည့် သင်္ကြန်တွင်း မဟာစည်ဝိပဿနာ (၁၀) ရက်တာ တရားစခန်း ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ‌‌ရေဖြူမြို့၊ ဓမ္မမာမကကျောင်း၏ ဂေါပကအဖွဲ့ဝင်များထံက သိရသည်။
ရေးမြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာ​မေးပွဲ သတ္တ​မ​(​နောက်ဆုံး​နေ့) ဖြေဆိုပြီးစီး
Apr 03,2023
သာသနာ​ရေးနှင့် ယဥ်​ကျေးမှုဝန်ကြီးဌာန၊ သာသနာ​ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ​သော ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာ​မေးပွဲ သတ္တမ​(​နောက်ဆုံး​နေ့)ကို ယ​နေ့​နံနက် ၉ နာရီက တူး​မြောင်းကျေးရွာအုပ်စု၊ ပုပ္ဖဝတီ​ကျေးရွာ ကျိုက်​ဒေတ​မော့ဗရတ်သာသနာပြုနယ်​မြေ (ကိုရင်​လေးဆရာ​တော်​ကျောင်း) ​လျောင်း​တော်မူဘုရားအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် စူဠဘွဲ့နှင်းသဘင်အခမ်းအနား သံတွဲမြို့၌ကျင်းပ
Apr 03,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲမြို့ ဘုရင့်နောင်လမ်းရှိ ဓမ္မဗိဗ္မာန်၌ ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ (၄၀)ကြိမ်မြောက် ပါဠိပထမပြန်နှင့်စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Apr 03,2023
ဒိုက်ဦးမြို့နယ်၌ (၄၀)ကြိမ်မြောက် ပါဠိပထမပြန် နှင့်စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့ဦးကျောင်းတိုက် ပရိယတ္တိ အောင်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။