ရန်ကုန် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယနေ့နံနက် ၁၀ နာရီအချိန်ကမတ်လ ၂၂ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ရေသယံဇာတ နေ့အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဥ်ကိုရိုက်ကူး ထုတ်လွှင့်ခဲ့သည်။
ကမ္ဘာ့ရေသယံဇာတနေ့အထိမ်းအမှတ်အဖြစ် ဆောင်းပါးရှင် ကျော်စွာ (ကျိုက်ပိ) ရေးသားခဲ့သည့် အဖိုးတန်ရေသယံဇာတထိန်းသိမ်းကြစေလို ဆောင်းပါးပါအချက်များထဲမှ ကောက်နုပ်ချက်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက ဒေါ်ချစ်သဲ ဒုတိယဦးစီးမှူးနှင့် ဒေါ်ထူးထက်ကောင်းစံ စာကြည့်တိုက် လက်ထောက်-၃ တို့ကဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါ Talk Show အစီအစဥ်များအပြင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေမည့် အစီအစဥ်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက် facebook page ကတစ်ဆင့်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးမင်းမောင် (ပြန်/ ဆက်)