ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ​ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ မတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​ ပြည်သူ့စာကြည့်တိုက်၌  "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ" ကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်များကို နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး စာရေးဆရာမ ချယ်ချယ်(YU)က "လူငယ်နှင့်စာဖတ်ခြင်း" ​​ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်) မှ "လူငယ်နှင့်ယဉ်ကျေးမှု"​ ခေါင်းစဉ်​ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန္တာလင်း ( ပုဗ္ဗသီရိ )