သတင်းများ

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးအလုပ်သမားများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးအလုပ်သမားများ၏ အခွင့်အရေးများအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show အား ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညောင်တန်းကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့  နေ့လယ် (၂)နာရီက အင်းဘဲကျေးရွာအုပ်စု ညောင်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊    ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။                                      
ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း (၁ /၂၀၂၃ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီအချိန်တွင် ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝါးခယ်မမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေး
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးချိန်အတွင်း မြန်မာ့ စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီအားလပ်ချိန်များတွင် စာပေချစ်သူများ တိုးတက်လာရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများထံသို့ စာအုပ်၊ စာစောင် သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် နွေရာသီအားလပ်ရက်များတွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများ ဖြစ်လာ​စေရေးအတွက် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ စာအုပ်၊ စာစောင်များကို ယနေ့နံနက် (၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းရယ်မြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် နားပန်‌ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်‌ ဆောင်ရွက်သည့် လုံလိုင်းအုပ်စု၊ နားပန်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အော်ဂဲနစ်ခရမ်းညိုသီး စျေးကောင်းရရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ် တိုးချဲ့စိုက်ပျိုး
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စုဒေသရှိ  အော်ဂဲနစ်ခရမ်းညိုသီး စျေးကောင်းစိုက်တောင်သူများ စျေးကောင်းရရှိခြင်းကြောင့်